𝗟𝗘𝗔𝗧𝗛𝗘𝗥 : 𝗧𝗵𝗶𝗻𝗴𝘀 𝗡𝗲𝗲𝗱 𝗧𝗼 𝗞𝗻𝗼𝘄 𝗕𝗲𝗳𝗼𝗿𝗲 𝗕𝘂𝘆𝗶𝗻𝗴 𝗢𝗻𝗲
- Nan Seng Yin Ahom
- Sep 16, 2024
- 2 min read
ဒီနေ့ SPONGE ရဲ့ Monthly Article ကနေ တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ ကမ္ဘာဦးအစကနေ ယနေ့ထိတိုင် အသုံးပြုနေဆဲ Fabric တစ်ခုဖြစ်တဲ့ Leather (သားရေ) အကြောင်းပဲဖြစ်ပါတယ်။ ယနေ့ခေတ်မှာ Leather Fabric အသုံးပြုမှုအပေါ် အဆိုးအကောင်းဝေဖန်ချက်တွေအများကြီးရှိနေပြီး၊ Natural Leather အစစ်တွေအပြင်၊ Man-made synthetic leather အမျိုးအစားပေါင်းများစွာလဲရှိနေပြီမို့ Leather Goods တစ်ခုမဝယ်ခင်မှာ သိထားသင့်တဲ့ အကြောင်းအရာအချို့ကိုမျှဝေပေးသွားမယ်နော်။

▫️𝗛𝗶𝘀𝘁𝗼𝗿𝘆 𝗼𝗳 𝗟𝗲𝗮𝘁𝗵𝗲𝗿 𝗚𝗼𝗼𝗱𝘀
Leather ဆိုတာက လူသားတွေစတင်ဖြစ်တည်လာတဲ့ Pre-historic era မှာထဲက အသုံးပြုလာတဲ့ သက်တမ်းအကြာဆုံး Fabric တစ်မျိုးဖြစ်ပြီး၊ ယနေ့ခေတ်မှာလဲ Fashion Industry ထဲမှာသာမက နယ်ပယ်အသီးသီးမှာ တွင်ကျယ်စွာဆက်လက်အသုံးပြုနေဆဲပဲဖြစ်ပါတယ်။ ကမ္ဘာဦးအစထဲက အနွေးဒဏ်ခံနိုင်ဖို့ အဝတ်အထည်အနေနဲ့ ပထမဦးဆုံးအသုံးပြုလာခဲ့တာဖြစ်ပြီး၊ ယနေ့မှာတော့ Leather တွေကို Clothing, Bags, Shoes အစရှိသဖြင့် လူသုံးကုန်ပစ္စည်းမျိုးစုံလုပ်လေ့ရှိပါတယ်။

▫️𝗟𝗲𝗮𝘁𝗵𝗲𝗿 𝗶𝗻 𝗙𝗮𝘀𝗵𝗶𝗼𝗻 𝗜𝗻𝗱𝘂𝘀𝘁𝗿𝘆
Raw Leather ကနေ သန့်ရှင်းသပ်ရပ်ပြီး၊ လှပတဲ့ Treated Leather ဖြစ်ဖို့အဆင့်ဆင့်အချိန်ယူပြင်ဆင်ရပါတယ်။ ဒီလို Treated Leather တွေကို Fashion Industry မှာ စတင်အသုံးပြုခဲ့တာ 400BC ဝန်းကျင်လောက်ထဲကဖြစ်ပြီး၊ Renaissance Era မှာလဲ Leather နဲ့ပြုလုပ်ထားတဲ့ ဇိမ်ခံအဝတ်အထည်ဒီဇိုင်းများစွာကိုတွေ့မြင်နိုင်ပါတယ်။ ယနေ့ခေတ်မှာတော့ Leather စစ်စစ်တွေကို Designer Brands အများစုမှာတွေ့မြင်နိုင်ပြီး ကန်ဒေါ်လာသောင်းချီတန်တဲ့ အဝတ်အထည်၊ အိတ်နဲ့အခြားသော Accessories တွေကို ထုတ်လုပ်နေသလို၊ တစ်ဖက်မှာလဲ စျေးသင့်တင့်တဲ့ Leather Goods တွေ၊ စျေးပေါတဲ့ Man Made Leather အတုနဲ့ပြုလုပ်ထားတဲ့ပစ္စည်းတွေကိုလဲ အမျိုးစုံထုတ်လုပ်ရောင်းချနေကြတာဖြစ်ပါတယ်။

▫️𝗗𝗶𝗳𝗳𝗲𝗿𝗲𝗻𝘁 𝗤𝘂𝗮𝗹𝗶𝘁𝗶𝗲𝘀 𝗢𝗳 𝗥𝗲𝗮𝗹 𝗟𝗲𝗮𝘁𝗵𝗲𝗿
Leather မှာ Fined Leather ကနေ Cheap & Synthetic Leather အထိအရည်အသွေးမျိုးစုံရှိပြီး၊ စျေးနှုန်းတွေကလဲ တစ်ကိုက်ကို တစ်ဒေါ်လာအောက်ကနေ ဒေါ်လာထောင်ချီပေးရတဲ့အထိ ကွဲပြားပါတယ်။ Leather တွေကို အကြမ်းဖျင်းအားဖြင့် အရည်အသွေးအမြင့်ကနေ အနိမ့်ခွဲခြားပြရမယ်ဆိုရင်တော့
▫️Full Grain Leather
Best Quality_Luxurious,Smooth Surface and almost no flaws
▫️Top Grain Leather
Less Expensive but durable and Stain Resistant
▫️Genuine Leather
Lowest Quality of real leather. Less Durable but Affordable
▫️Corrected Grain Leather
Artificial Grain that are fixed by experienced leatherworkers. Most readily available in stores with cheaper prices.

▫️𝗤𝘂𝗮𝗹𝗶𝘁𝗶𝗲𝘀 𝗼𝗳 𝗦𝘆𝗻𝘁𝗵𝗲𝘁𝗶𝗰 𝗟𝗲𝗮𝘁𝗵𝗲𝗿
Leather အစစ်တွေဟာ စျေးကြီးပြီးရှားပါးတာ၊ Cruelty Free မဖြစ်တာ၊ Animal Abuse ဖြစ်နေတာအစရှိတဲ့အကြောင်းအရာတွေကြောင့် Environmental POV ကနေကြည့်ရင် ကမ္ဘာကြီးအတွက် တော်တော်လေး Harmful ဖြစ်ပါတယ်။ ဒါကြောင့် နည်းပညာခေတ်မှာ လူလုပ် Leather အတုတွေကို ဖန်တီးအသုံးပြုလာကြပြီး PU leather, PVC leather တို့လို Plastic နဲ့တူပြီးစျေးပေါတဲ့ Faux Leather ကနေ တကယ့်သားရေအစစ်နဲ့ Texture တူတဲ့ High-End Faux Leather တွေအထိအစားစားရှိပါတယ်။

▫️𝗪𝗵𝘆 𝗛𝗲𝗿𝗺𝗲̀𝘀 𝗕𝗮𝗴𝘀 𝗔𝗿𝗲 𝗦𝗼 𝗘𝘅𝗽𝗲𝗻𝘀𝗶𝘃𝗲
နောက်ဆုံးအနေနဲ့ပြောပြပေးသွားချင်တာက အားလုံးလဲ စိတ်ဝင်စားကြလောက်မယ့် ကမ္ဘာကျော် Luxury Fashion House တစ်ခုဖြစ်တဲ့ Hermès အိတ်တွေက ဘာလို့စျေးကြီးရသလဲဆိုတာပါပဲ။ ဒီအိတ်တွေကို ဒေါ်လာသောင်းချီပေးဝယ်ရတာက
▫️Raw Materials တွေက တစ်ပေပတ်လည်တစ်ချပ်ကိုတင် ကန်ဒေါ်လာ ထောင်ချီတန်ပြီး၊ သားရေအချောထည်ရသည်အထိ အချိန်ယူကာ အဆင့်ဆင့်လုပ်ရပါတယ်။
▫️သားရေချပ်ကနေ နောက်ဆုံးအိတ်တစ်လုံးဖြစ်လာဖို့အထိ သူတို့ရာစုနှစ်တစ်ခုစာ စုဆောင်းထားခဲ့တဲ့ အတွေ့အကြုံတွေကို စနစ်တကျသင်ကြားတတ်မြောက်ထားတဲ့ Skillful Leather Craftsman တွေက အနုစိတ်အကောင်အထည်ဖော်ရတာဖြစ်တာကြောင့် အိတ်တစ်လုံးချင်းစီတိုင်းဟာ အိတ်ထက်ပိုတဲ့ “အနုပညာလက်ရာ” တွေဖြစ်နေလို့ပါ။
▫️နောက်ဆုံးအချက်ကတော့ရှင်းပါတယ်၊ 𝗛𝗲𝗿𝗺𝗲̀𝘀 ဖြစ်နေလို့ပါ။ Luxury Fashion House ဖြစ်တာကြောင့် သူ့ဆီကရတဲ့ Exclusive Feeling တွေ၊ Rare & Luxurious ဖြစ်မှုတွေကြောင့် 𝗛𝗲𝗿𝗺𝗲̀𝘀 အိတ်တွေက ရွှေတွေစိန်တွေထက်ကို စျေးကြီးနေရခြင်းဖြစ်ပါတယ်။
ဒီနေ့ Article လေးကတော့ ဒီလောက်ပါပဲ၊ နောက် Article တွေမှာရော ဘယ်အကြောင်းအရာတွေကို မျှဝေပေးစေချင်လဲပြောသွားခဲ့ကြနော်။



Comments