Discover Unique Local Brands At Mandalay’s Fashion Boutique SPONGE
- Sep 9, 2024
- 1 min read
Updated: Oct 1, 2025

2020 ခုနှစ်နောက်ပိုင်းကနေစလို့ မြန်မာပြည်တွင်းမှာ ပြည်တွင်းထုတ် အဝတ်အထည်အမှတ်တံဆိပ်ပေါင်းများစွာကို Local Market ထဲအများအပြား တွေ့မြင်လာရပြီဖြစ်ပါတယ်။ Local Brands အများစုသည် Online အခြေစိုက်အနေနဲ့ ရောင်းချလေ့ရှိတာမို့ မျက်မြင်ကိုယ်တွေ့ဝယ်ယူချင်တဲ့ Customer များအတွက် များစွာအခက်အခဲဖြစ်တာကို SPONGE ကသေချာနားလည်ပါတယ်။
ဒါကြောင့် Customers တွေကို Local Clothing Brands တွေရဲ့ Physical Shopping Experience ကို အပြည့်အဝရစေပြီး Local Business တွေကိုလဲ တစ်ဖက်တစ်လမ်းကနေ Promote လုပ်ပေးနိုင်ဖို့အတွက် SPONGE မှာ 2020 ကစပြီး ပြည်တွင်းထုတ် Clothing Brands အချို့ကို Customers များကိုယ်တိုင်စိတ်တိုင်းကျ ရွေးချယ်ဝယ်ယူလို့ရအောင် ဆိုင်မှာစပြီး တင်ရောင်းဖြစ်ပါတယ်။ SPONGE မှာရောင်းချသော Brands များသည် SPONGE Customers များကြိုက်နှစ်သက်မည့် Designs, Fabric နှင့် Cutting များကို သင့်တင်မျှတသော စျေးနှုန်းများဖြင့် ဝယ်ယူနိုင်အောင် သေချာရွေးချယ်ပြီး ရောင်းချပေးနေတာဖြစ်ပါတယ်။
ယခု 2024 မှာဆိုရင် SPONGE မှာ Local Brands ပေါင်း ( ၇၀ ) ကျော်ထိရှိတဲ့အပြင် အထည်များကို Season အလိုက် လိုက်ဖက်ညီတဲ့ Styling များဖြင့်တင်ဆက်ရောင်းချပေးနေတာဖြစ်ပါတယ်။ Local Brands တွေကို ဝယ်ချင်ပေမယ့် ဘယ်လိုဝတ်ဆင်ရမလဲ အခက်တွေ့နေတဲ့ကောင်မလေးတွေ၊ Quality ကိုသေချာစိတ်တိုင်းကျ ရွေးချယ်ဝယ်ယူချင်တဲ့ ကောင်မလေးတွေအတွက် များစွာ အထောက်အကူဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်နော်။ SPONGE မှာရှိတဲ့ Local Brands များကို Online ကနေသော်လည်းကောင်း၊ မန္တလေးမြို့ရှိ Physical Store ကနေသော်လည်းကောင်း စိတ်ကြိုက်လာရောက်ဝယ်ယူလို့ရပါတယ်…



Comments