top of page

𝐅𝐥𝐨𝐰𝐞𝐫𝐬 𝐓𝐚𝐤𝐢𝐧𝐠 𝐎𝐯𝐞𝐫 𝐑𝐢𝐛𝐛𝐨𝐧𝐬

Ribbon တွေ နေရာမှာ အစားထိုးဝင်ရောက်လာတဲ့ Flowers Theme လေးအကြောင်းသိပြီးကြပြီလို့ထင်ပါတယ်။ မနှစ်နှစ်လယ်ကစပြီး တဖြည်းဖြည်းချင်း နေရာယူလာတဲ့ Flower Trend ဟာဆိုရင် သိပ်မကြာခင် လပိုင်းလေးမှာ သူရဲ့ Maximum Peak Wave ကိုရောက်တော့မှာမို့ မနှစ်ကခေတ်စားခဲ့တဲ့ Ribbon ဖဲကြိုးတွေကို လက်လွှတ်ပြီး ပန်းပွင့်လေးတွေ အစားထိုးရင်း ဖက်ရှင်ကျကျဝတ်ဆင်လို့ရအောင် Flower Fashion Ideas လေးအချို့ကို တင်ဆက်ပေးလိုက်ပါတယ်နော်။

ree

🌸 𝗙𝗟𝗢𝗪𝗘𝗥𝗦 𝗢𝗡 𝗥𝗨𝗡𝗪𝗔𝗬

ရှေ့ Article မှာပြောခဲ့သလို ဒီနှစ်ရဲ့ Flowers Of The Year က Roses ဖြစ်ပြီးတော့ Haute Couture Runway တွေမှာရော အကြီးဆုံး Fashion Meet Up ကြီးဖြစ်တဲ့ Met Gala မှာရော ပန်းတွေကိုအများကြီးမြင်တွေ့ရမှာပါ။ ဒီလို Haute Couture တွေမှာ ပန်းတွေလာပြီးရင် သိပ်မကြာခင်ဆို တကယ့် Daily Life မှာ ဝတ်လို့ရနိုင်မယ့် Wearable Design တွေမှာလဲ ပန်းတွေကို တောက်လျှောက်မြင်လာရတော့မှာ အမှန်ပါပဲ။

ree

🌸 𝗡𝗢𝗥𝗠𝗔𝗟𝗜𝗭𝗜𝗡𝗚 𝗙𝗟𝗢𝗪𝗘𝗥𝗦 𝗜𝗡𝗧𝗢 𝗪𝗘𝗔𝗥𝗔𝗕𝗟𝗘 𝗙𝗔𝗦𝗛𝗜𝗢𝗡

မနှစ်နှစ်ကုန်ပိုင်းလောက်က ထွက်ခဲ့တဲ့ Jisoo Flower MV, Miley Cyrus ရဲ့ Flowers Song အစရှိတာတွေက Flower Trends ကို လူငယ်တွေ ဝင် Join ချင်လောက်စေတဲ့ Impact တွေလို့ပြောရင်မှားမယ်မထင်ပါဘူး။ Flower Outfit လို့ပြောတဲ့နေရာမှာ လုံးဝကြီး ပန်းပွင့်တွေဖြစ်နေရမယ်လို့ဆိုလိုတာမဟုတ်ပဲ ပန်းပွင့်နဲ့တူတဲ့ Design မျိုးကို ပြောတာဖြစ်ပါတယ်။ ရိုးရိုး Outfit ကိုပဲ Flower Accessories တွေထည့်တာ၊ Ruffle တွေထည့်ချုပ်တာ၊ 3D & 6D Flowers တွေ ထည့်ထားတာ စသဖြင့်ပေါ့။ စာနဲ့ရှင်းပြရင် ခက်တော့ ပုံတွေကြည့်ရင် ပိုမြင်ကြလိမ့်မယ်ထင်တယ်။

ree

🌸 𝗙𝗟𝗢𝗪𝗘𝗥 𝗖𝗛𝗢𝗖𝗞𝗘𝗥

Flower Trends ရဲ့ Initial လို့ပြောလို့ရတဲ့ ပန်းပွင့်ပုံ Chocker လည်ဆွဲကြိုးလေးတွေက ဘယ်လို Outfit နဲ့မဆို လိုက်ဖက်ပြီး Cute & Feminine ဖြစ်လွန်းတဲ့ Accessories လေးတစ်ခုပါ။ သူ့ကို Dress လေးတွေ ဝတ်တဲ့အခါမှာလဲ တွဲဖက်ဝတ်ဆင်နိုင်သလို Crop Top တွေ၊ Blazer, Corset နဲ့ အခြားသော Strong Look တွေနဲ့ တွဲဖက်တဲ့အခါ Soft & Strong Contrast ဖြစ်ပြီး တမူထူးခြားတဲ့ Vibe လေးကိုရစေပါတယ်။

ree

🌸 𝗙𝗟𝗢𝗪𝗘𝗥 𝗖𝗟𝗔𝗪𝗦 𝗔𝗡𝗗 𝗖𝗟𝗜𝗣𝗦

ဒါကတော့ အထွေအထူးပြောနေစရာကို မလိုတော့ပါဘူး။ နှစ်အစထဲက Trend လာလိုက်တာ ခုများဆို ပန်းပေါင်းစုံတောင် ဝယ်လို့ရနေပြီး။ စံကားပန်းယူမလား၊ သစ်ခွလား ကျူးလစ်လား ကြိုက်တာသာရွေးလို့ရတယ်နော်။ Summer နဲ့လဲ အရမ်းလိုက်ဖက်တဲ့ Accessories လေးမို့ မိန်းကလေးတိုင်း လိုချင်နေကြတာ မဆန်းပါဘူး။ ပန်းပွင့်အကြီး အသေး၊ ဘယ်လိုဖြစ်ဖြစ် ဆံပင်လေး ကပိုကရိုမှာ တပ်ထည့်လိုက်ရင်ကို မိန်းကလေးဆန်ပြီး ဆွဲဆောင်မှုရှိလွန်းတဲ့ Look လေးတစ်ခုကိုရစေမှာ အမှန်ပါပဲ။

ree

🌸 𝗙𝗟𝗢𝗪𝗘𝗥 𝗔𝗦 𝗬𝗢𝗨𝗥 𝗝𝗘𝗪𝗘𝗟𝗦

နောက်ထပ် ဒီမှာ သိပ်မဝတ်ကြသေးပေမယ့် မကြာခင်ခေတ်စားလာတော့မယ့် Flower Jewelry လေးတွေကလဲ ခေတ်ရှေ့ပြေးချင်တဲ့ Trend Setter လေးတွေ ဝယ်စုထားသင့်တဲ့ Items လေးတွေပါပဲ။ Tik Tok နဲ့ Instagram မှာ အများအပြားတွေ့နေရပြီဖြစ်တဲ့ Material မျိုးစုံနဲ့ လုပ်ထားတဲ့ ပန်းပွင့်ပုံ နားကပ်အကြီးကြီးတွေ၊ ရွှေပန်းခတ်လော့ကပ်ကြီးကြီးနဲ့ ဆွဲကြိုးတွေ၊ နာရီနဲ့ တွဲဝတ်ကြတဲ့ သေးသေးနုတ်နုတ် ပန်းပွင့် Bracelet တွေ၊ ပန်းခတ်လက်စွပ်ကြီးတွေ စသဖြင့် Flower Jewelry လေးတွေက သာမန်နဲ့ကွဲထွက်ပြီး ထူးခြားလှပတဲ့ Outfit လေးဖြစ်အောင် အများကြီး ကူညီပံ့ပိုးပေးနိုင်ပါတယ်။

ree

🌸 𝗙𝗟𝗢𝗪𝗘𝗥 𝗦𝗛𝗢𝗘𝗦 𝗔𝗡𝗗 𝗕𝗔𝗚𝗦

ခုတ​လော မြင်တွေ့နေရတဲ့ ဖိနပ်ဒီဇိုင်းတွေထဲမှာဆို ပန်းပွင့်အကြီးကြီးတွေကပ်ထားတဲ့ ကြိုးသိုင်းဒေါက်မြင့်တွေလဲပါပါတယ်။ အရောင်မျိုးစုံ၊ ပုံစံမျိုးစုံနဲ့ မြင်တွေ့နိုင်ပြီး သိပ်မကြာခင် အကြီးအကျယ်ခေတ်စားလာတော့မယ့် ဖိနပ်ဒီဇိုင်းလေးတစ်ခုပေါ့။

ree

ree

ဒါ့အပြင် အိတ်တွေထဲမှာဆိုလဲ မနှစ် Runway မှာ မြင်တွေ့ရတဲ့ 3D Flower အိတ်တွေ၊ ပန်းပွင့်ပုံ ချည်ထိုးပန်းထိုးအိတ်တွေ စသဖြင့် Flower Power လွှမ်းခြုံထားတဲ့ 2024 Accessories Trend ကြီးကို Join ဖြစ်အောင် Join ဖို့မမေ့ကြနဲ့နော်။

 
 
 

Comments


Visit SPONGE!

68 street, 33 x 34 street, MANDALAY.

HOTLINE: +95 9 781 619 337
OPEN DAILY. 9 AM TO 6 PM
  • Facebook
  • TikTok
  • Telegram
  • Instagram

© 2024 by SPONGE. ALL RIGHT RESERVED.

bottom of page